/

About Us

အီးဗီဝမ်းအုပ်စု၏ရည်ရွယ်ချက်များ

ဤအုပ်စုမှ အောက်ဖော်ပြပါ ရည်ရွယ်ချက် (၃)ရပ် အားချမှတ်၍ အောင်မြင်စွာ အကောင်အထည် ဖော်လုပ်ကိုင် ဆောင်ရွက်နိုင်စေရေးအတွက် တည်ထောင်သူ ဦးကျော်ကျော်ထွန်း (ခ) ကိုကျော်ကျော်မှ မြန်မာ့နိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ဦးဆောင်ဖွဲ့စည်းခဲ့ကြသည်။

(၁) ပြည်တွင်းလျှပ်စစ်‌မော်တော်ယာဉ်များသို့ အကူးအပြောင်းတွင် အရေးပါသောကဏ္ဍမှ ဆက်လက်ရပ်တည်လုပ်ကိုင်နိုင်စေရန်နှင့် ဓါတ်ဆီ၊ ဒီဇယ်၊ သဘာဝဓါတ်ငွေ့ကားများမှ အီးဗီလျှပ်စစ်မော်တော်ယာဉ်များသို့ ချောမွေ့သော ကူးပြောင်းခြင်းဖြစ်အောင် သက်ဆိုင်ရာအဓိကအမှတ်တံဆိပ်များနှင့်တတိယအဖွဲ့အစည်းအဖြစ်ပူးပေါင်းပါဝင် ချိတ်ဆက် ဆောင်ရွက်နိုင် စေရန်။
(၂) ပြည်တွင်းရှိဝယ်ယူသုံးစွဲသူများ၏ လျှပ်စစ်မော်တော်ယာဉ် လိုအပ်ချက်သစ်များအား အထင်ကရအမှတ်တံဆိပ်များနှင့်အတူ လက်တွဲဆောင်ရွက်ခြင်းဖြင့် စျေးကွက်လိုအပ်ချက်အသစ်အား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရန်အတွက် ဖြည့်စည်းဆောင်ရွက်ပေးနိုင်စေရန်။
(၃) ဈေးနှုန်းချိုသာသော အဆင့်မြင့်လျှပ်စစ်‌မော်တော်ယာဉ်စျေးကွက်အား ပြည်တွင်းဈေးကွက်တွင် ဦးဆောင်နိုင်စေရေးအတွက် မြန်မာ့အီးဗီအသွင်ကူးပြောင်းရေးတွင် မိမိတို့အုပ်စုမှ ပုဂ္ဂလိကအုပ်စုအနေဖြင့် ဦးဆောင်ပါဝင်ဆောင်ရွက်ရင်း ပိုမိုကောင်းမွန်ခိုင်မာသော ဝန်ဆောင်မှုများအား ဖောက်သည်များကို ဆက်လက်တိုးတက် ပေးစွမ်းနိုင်စေရန်။